ပန်းနုရောင်နှလုံးသားနှင့် ကောင်မလေး...
သဲသဲမဲမဲ ရွာနေသည့် မိုးသက်လေနှင် မုန်တိုင်းဆင်နေဆဲကာလမှာ ပိန်ပိန်ပါးပါး သွယ်လျလျခန္ဓာ
ကိုယ်နှင့် မိန်းကလေးတစ်ယောက် သူမရဲ့ ခန္ဓာကိုယ်တစ်ပိုင်းလုံးရွဲရွဲစိုနေသည့်တိုင်မသန်မစွမ်းဖြင့် 
တောင်းရမ်းစားသောက်နေရသည့် အဘိုးအိုတစ်ဦးအား မိုးရေထဲတွင် ထီးတစ်လက်ဖြင့်သက်သာရာရ
တောင်းရမ်းစားသောက်နေရသည့် အဘိုးအိုတစ်ဦးအား မိုးရေထဲတွင် ထီးတစ်လက်ဖြင့်သက်သာရာရ
စေကြောင်း ကာကွယ်ကာမိုးပေးခဲ့ တဲ့ မြင်ကွင်းကတော့ ၀တ္တုဇတ်လမ်းတွေထဲမှာတင်မဟုတ်ပဲတရုတ်
နိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့ တာပါ...
ရုတ်တရက်မိုးသည်းထန်စွာရွာလိုက်လို့  အသက်အရွယ်ကြီးရင့် ကာခြေထောက်တစ်ဖက်မသန်မစွမ်း
ဖြစ်နေသူ အဖိုးအိုတစ်ယောက် သစ်သားလှည်းကလေးပေါ်တွင် ခက်ခက်ခဲခဲရွေ့ လျားသွားလာနေ
ခိုက် လှပချောမောသည့် မိန်းမပျိုလေးတစ်ဦး ထီးကလေးတစ်ချောင်းဖြင့် ပြေးထွက်လာကာ ထိုအဖိုး
အိုအား သူမခန္ဓာကိုယ်အား မိုးစိုနေသည်ကို အမှုမထားပဲ ထီးမိုးပေးခဲ့ တာဖြစ်ပါတယ်...
စူကျိုးပြည်နယ်မှ အင်တာနက်သုံးသူတစ်ဦးဟာ ဆွတ်ပျံ့ ကြည်နူးဖွယ် ထိုအခိုက်အတန့် ကလေးကို ၎င်း၏ကင်မရာဖြင့် မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ ပါတယ်...
ထိုဓါတ်ပုံအား အင်တာနက်ပေါ်တွင် လာရောက်ကြည့် သည့် အကြိမ်ပေါင်း ၂၄၀၀၀ ကျော်သည်အထိ
လူအများရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ ပြီး XiCi အင်တာနက်စာမျက်နှာတွင် မျက်နှာဖုံးပုံအဖြစ်ပင် လွှင့် 
တင်ထားခဲ့ ရသည်အထိဖြစ်ခဲ့ ပါတယ်...
အွန်လိုင်း၊ အင်တာနက်သုံးစွဲသူများကတော့ ထိုမိန်းကလေးအား မိုးသက်မုန်တိုင်းထဲမှ အလှပဆုံးမြင်
ကွင်းအဖြစ် ချီးကျူးဂုဏ်ပြုလျှက်ရှိနေကြပါတယ်...
" ဒုက္ခိတအဖိုးအိုကြီးကို ထီးမိုးပေးပြီးနောက် ပြန်လာတဲ့ မိန်းကလေးဟာ ကျွန်တော့အထင်တော့ ငိုနေ
ခဲ့ ပါတယ်..." လို့ ထိုဓါတ်ပုံကို အင်တာနက်စာမျက်နှာတွင် တင်ခဲ့ သူက အဆိုပါအဖြစ်အပျက်ကို ပြန်
ပြောင်းပြောပြကာ အမှတ်တရဆိုပါတယ်...
အဆိုပါ နှလုံးသားလည်းလှ၊ လူလည်းလှသည့် မိန်းကလေးအား မည်သူမည်ဝါဖြစ်သည်ကိုသိရှိပါက
ဖုံးနံပါတ် ၉၆၀၆၀ သို့ ခေါ်ဆို၍သော်လည်းကောင်း၊ မိုလ်ဘိုင်းဖြင့် မက်ဆေ့ ခ်ျ ပို့ ၍သော်လည်း
ကောင်း Sina Weibo မှတစ်ဆင့် Modern Express သို့ သတင်းပို့ အကြောင်းကြားနိုင်ပါတယ်...
အဆိုးနဲ့ အကောင်းဆိုတာ ဘယ်နေရာမှာမဆိုဒွန်တွဲနေတာပါပဲ...
သည်မိန်းကလေးရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်ကတော့ လေးစားချီးကျူးဖွယ်ရာပါပဲ...
ကိုယ်ကျိုးစွန့် အနစ်နာခံတယ်ဆိုတာ ငွေကုန်ကြေးကျအများကြီးမလိုပါဘူး...
နောက်ဆုံးပေါ် အ၀တ်အစား၊ အသုံးအဆောင်၊ မိုလ်ဘိုင်း၊ အိုင်ဖုံး၊ ကွန်ပြူတာ၊ ကင်မရာစတာတွေ
ကိုင်နိုင်၊ သုံးနိုင်ပြီး စိတ်ဓါတ်မမွန်မြတ်သူထက်စာယင် ဒီလိုမိန်းကလေးမျိုးကို ပိုပြီးအထင်ကြီး၊လေးစား
မိတာပါပဲ...
မိတာပါပဲ...
ရွှေပြည်သူညီမငယ်၊ အစ်မများလည်း အားကျအတုယူနိုင်ပါစေသတည်း...
စေတနာလည်းလှ၊ လူလည်းလှတဲ့ ကောင်မလေးက ဒုက္ခရောက်နေသူကို ထီးမိုးပေးနေခိုက်
ကူညီပါရစေ ယူနီဖောင်းဝတ်ထားသည့် အမျိုးကောင်းသားက မိုးလုံလေလုံနေရာမှ
ကြောင်တောင်ကြည့် နေခဲ့ ပါတယ်...
A girl in pink holds an umbrella for a disabled elderly person, while a uniformed man looks on from the side in the photo.
သူမတစ်ကိုယ်လုံး မိုးရေတွေရွှဲစိုပါစေ....အမှုမထားပဲ အဖိုးအိုကိုသာ သနားကရုဏာကြီးစွာဖြင့် 
ဖေးမကူညီခဲ့ ပါတယ်...
A girl in pink holds an umbrella for a disabled elderly person, the girl already thoroughly soaked.
ထီးမိုးပေးခဲ့ တာပါ...
A girl in pink holds an umbrella for a disabled elderly person.
ဒီကမလာတာ..ကိုပီတာကြီးကျန်းမာပါစေ



7 comments:
အလွန်စိတ်ထားမြတ်တဲ့ကောင်မလေးပါပဲဗျာ.......ဒီလိုခေတ်ကြီးမှာဗျာစိတ်ထားကောင်းတဲ့သူတွေတော်တော်ရှားလာပြီ။။။။။။။။။လာရောက် ကြည့်ရှုတဲ့ညီအစ်ကိုမောင်နှမတွေ......အတုယူနိုင်ကြပါစေဗျာ....''ကိုစိုင်း''
ကျနော် မြန်မာပြည်က ကျောက်ဆည် gtc ကကျောင်းသူလေးကို
သတိရတာဗျာ။အဲလိုပဲ တောင်းရမ်းနေတဲ့ အဘွားအို ကို စားစရာ
ဝယ်လာပြီး မိခင်ကိုကျွေးသလိုမျိုး ရိုရိုသေသေ ထိုင်ကျွေးတာကို
မြင်ဖူးတယ်။အတော်လေး ခံစားမိတယ်။ကျောင်းသူဝတ်စုံလေးနဲ့ 
လက်၂ဘက်နဲ့ အသေချာပေးပြီးကျွေးနေတာ။ဓါတ်ပုံတော့မရှိဘူး
ရှားပါးဖြစ်ရပ်ပါ ပထမဆုံးမြင်ဖူးပါတယ်။ ခုခေတ်လို အနေမျိုးမှာပေါ့။၂ နှစ်လောက်တော့ကြာပါပြီ။
ဒါမှ တစ်ကယ် လေးစားထိုက်သည့် နှစ်လုံးသားပိုင်ရှင် လေးပါ။
အတုယူစရာပါပဲ တင်ပေးတဲ့လူကိုလဲကျေးဇူးဗျာ
အင်း ဒုတ်ကြီးရေ ကောင်လေးဝင်ကြည့်သွားတယ် ဒီ post လေးကို အရမ်သဘောကျတယ် အဲကောင်မလေးကတကယ်လေးစားထိုက်ပါတယ် ။
အင်းဟုတ်တယ်ဒါမျိုးကလူတိုင်းလုပ်နိုင်တာမဟုတ်ဘူး.........
kyawthan htay said.....
ို့တကယ်ပါဗျာ.. ကျွန်တော်သူမကို အင်မတန်မှချီးကျုးပါတယ် သာဓုလည်းခေါ်ပါတယ် ဒ်ါကမြန်မာတွေအတုယူထိုက်ပါတယ်
Post a Comment